Download

ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်--ပြည်ပ-မလေးသျှားဌာနခွဲ (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ထုတ်ပြန်ချက် Union Day Sta

August 13, 2011

အထူးစီးပွားရေးဇုန်ကြောင့် ကျောက်ဖြူရှိ အိမ်ခြံမြီကွက်တိ တဟုန်ထိုးတက်

ရခိုင်ရိုးမ။  ။ August 11, 2011
ကျောက်ဖြူ။          ။အထူးစီးပွားရေးဇုန်ကြောင် ကျောက်ဖြူမြိ့ အိမ်ခြံမြီဈီးကွက်တိ မြင့်တက်လာပြီး  ရင်းနှီးမြုပ်နှံမှု ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်တိ ဈီးကောင်းပီး ၀ယ်ယူနိန်ကြကြောင်း ကျောက်ဖြူမြို့ ဒေသခံများပါးကတဆင့် သိရသည်။
ကျောက်ဖြူရီနက် ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန်တိ အကောင် အထည် ဖော် ဆောင်နိန်ရေ အတွက်  အိမ်ခြံမြီတိလဲ မြင့်တက်လာပြီး  ပြည်ပ တရုတ်စီးပွားရေးလုပ်ငန်းရှင်တိနန့် ပြည်တွင်း ဗမာလုပ်ငန်းရှင်တိက ရင်းနှီးမြုပ်နှံမှုအဖြစ် အများဆုံး ၀ယ်ယူနီကတ်တေလို့ ပြောပြသည်။


“တရုတ်၊ ပြီးကေ ဗမာတိ အများဝယ်ရေ၊ ဗမာတိဆိုကေ ပင်လယ်ကမ်းခြီရှိမြီကွက်တိကို ရရေဈီးနန့် ၀ယ်ရေ၊ ဟိုတယ် မိုတယ်တိဆောက်ဖို့ အတွက်လေ၊ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တိက မရှိယေ၊ ယလောက်ထိ ဇာလုပ်နိုင်ဖို့လဲ၊ ဗမာတိ၊ တရုတ်တိရာ လုပ်နိုင်စွာ”လို့ ကျောက်ဖြူ ဒေသခံတဦးက ပြောသည်။
အယင်က သိန်း၁၀ တောင် မရရေ ဂုံးချိန် ၊ အုန်းတောစရေ ကျေးရွာတိပေါ်ရှိ မြိကွက်တိကို လုပ်ငန်းရှင်တိက ကျပ်သိန်းရာ ထောင်ထိ ပီးဝယ်လာကတ်ပြီး၊ ခေါ်ဈီးအတိုင်းပင် အရောင်း အ၀ယ် ဖြိုက်နိန်ကြောင်း သိရသည်။
ဗမာစီးပွားရေး လုပ်ငန်းရှင်တချို့က ၀ယ်ပြီးသားမြီကွက်တိကို  တဆင့် ပြန်လည်ရောင်းချမှုတိ ရှိလာကြောင်းလည်း စုံစမ်းသိရှိရသည်။
“ကုန်ခရေလက ဒေါ်မြညိုမြီကွက်ကို ဗမာတယောက်က သိန်းတရာနန့်ဝယ်ယူလိုက်တေ၊  ယေခါ ယင်းဗမာက ထပ်ပြီး သိန်း၅၀၀နန့် တရုတ်ကပြားတယောက်ကိုရောင်းလိုက်တေ၊ ယင်း စွာကို ဒေါ်မြညိုက သူရစွာရေ ဈိးနည်းရေ အတွက် ဗမာဘားက ထပ်တောင်းမှုတိရှိခရေ၊ ယေလဲ မရခ၊ ကနဦးကဘင် မပြတ်သားကတ်စွာကိုး”လို့ ဂုံးချိန် ကျေးရွာသားတဦးက ပြောပြသည်။
ဒေသခံဘားက ကျပ်ငွေ သိန်း ၁၀၀ နန့်ဝယ်ယူရေ မြီကွက်ကို တရုတ်လူမျိုးတိဘားသို့ သိန်းတစ်ထောင်နန့် ပြန်လည်ရောင်းချမှုရှိရေ အတွက်  မူလရောင်းချသူနန့်  ၀ယ်ယူသူ အကြား ပြဿနာတိ ပေါ်ပေါက်လာကြောင်း သိရသည်။
“အဂုက မြီကွက်ဆိုကေ ၀ယ်ဗျာယ်၊ ရောင်းရေလူတိက ရောင်း၊ ဇာလဲဆိုကေ ဈီးအများရစွာကိုး၊ တချို့ကလဲ မရောင်းကတ်၊ ကျေးလက်တိမာ ရောင်းလူပိုများလာရေ ၊ မြို့ပေါ်က မြီကွက်ထက် စီမံကိန်းတိနန့်နီးရေ မြီကွက်တိကို ပိုဝယ်လာရေ”လို့ သူက ဆက်ပြောသည်။
ကျောက်ဖြူမြိုမာ နိုင်ငံတကာ စီးပွားရေးရင်းနှီးမြုပ်နှံမှုတိဖြိုက်တေကမ်းလွန် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်း၊ မဒေးကျွန်းရှိ နိုင်ငံတကာရီနက်ဆိပ်ကမ်း၊ နှင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်နန့် တခြားစီးပွားရေးဇုန်တိကြောင်း ကျောက်ဖြူရှိမြီကွက်တိကို ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တိက ပိုစိတ်ဝင်စားလာကြခြင်းဖြိုက်သည်။
ပေတစ်ရာပတ်လည်ရှိ မြီကွက်တစ်ကွက်ကိုပင် သိန်း  ရာကျော် အထိ ဈိးဖြိုက်လာသည်။
ပင်လယ်ကမ်းခြီ တစ်လျှောက်ရှိ အုန်းတောတိကိုလည်း ဗမာလုပ်ငန်းရှင်တိက ၀ယ်ယူထားရာ ကျွဲနွားတိအတွက် စားကျက်မြီကွက်တိလည်း ရှားပါလားလာကြောင်း မလကျွန်းရွာသား တယောက်က ပြောပြသည်။
“ဆိုးပါရေ။ ကြာလာကေ ကျွဲ နွားတိအတွက် စားကျက်ကွင်း ရှားလာဖို့ဗျာယ်၊ အားလုံးက စီမံကိန်းမြီလို့ သတ်မှတ်ထားဆိုခါ နွားတိဝင်လိုမရ၊  ၀င်ကေ ဆဲလားဆိုစွာမာ၊  ရစရာ မရှိအောင်၊ တခါတရီဆိုကေ နွားကိုဖမ်းထားရေ ဖေသာပီးမှ လွှတ်ပီးဖိုဆိုပနာ၊ ယပိုင်ပြဿနာတိကား အများကြီး “လို့ ဆိုသည်။
ယင်းအပြင် စီမံကိန်းအတွက် မြီကွက်တိကို ယာယီ အသုံးပြုရန် မြီပိုင်ရှင်နန့် စာချုပ် ချုပ်ဆိုမှုတိ ရှိကေလဲ စာချုပ်ထဲမာမူ ငှားရမ်းခွင့်မဟုတ်ဘဲ အပြတ်ဝယ်ရေ သဘောမျိုးပါရှိကြောင်း ဒေသအာဏာပိုင်တိ၏ သဘောအတိုင်းရာ လုပ်ဆောင်မှုတိမျိုးတိရှိလာကြောင်း သိရသည်။

No comments:

Post a Comment

Popular Posts

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More