ရှေးဟောင်းလက်ရာကိုဖျောက်လိုသူများ
(လင်းလင်း- ခိုင်ရိုးမ)
ရခိုင်ပြည်နယ် အတွင်းရှိ ရှေးဟောင်း ဘုရားပုထိုးမျာားကို ပြန်လည်ပြုပြင်ရာတွင် မူလရှေးဟောင်း
လက်ရာများ ပျက်စီးခြင်းကြောင်း သတိထားပြုပြင်ရန် လိုအပ်လျက်ရှိကြောင်း အများပြည်သူ၏ ဆန္ဒ
ကို ခံယူခြင်းမှာ လွန်စွာ အရေးပါလှကြောင်းသိရသည်။
ရခိုင်ပြည်နယ်အတွင်း မြောက်ဦးဒေသသည် AD16ရာစုနှင့် 17ရာစု ကာလများတွင် စီးပွားရေ လူမှုရေး
နိုင်ငံရေး နှင့် ယဉ်ကျေးမှု အားဖြင့် ဖွံဖြိုးတိုးတက် စည်ပင် မှုသည် အထွက်အထိပ်သို့ ရောက်ရှိခဲ့ ကြောင်း သမိုင်းမှတ်တမ်းများအရ သိရ သည်။
ရှေးဟောင်းဘုရားများကိုယခုအခါ တွေ့ရှိနေရခြင်းဖြစ်သော်လည်း ဘုရားပျက်များကို တတ်နိုင်သလောက် ပြုပြင်မွန်းမွန်ခဲ့ကြ သည်။ ယင်းသို့ ပြုလုပ်ရာတွင် ဒေသခံစေတနာ ရှင်များက ပြုလုပ် သည်များ ရှိသကဲ့သို့ သက်ဆိုင်ရာရှေးဟောင်းသုတေသန ဌာနမှ လည်းပြုပြင်မှုများရှိ ခဲ့ကြောင်း သိရသည်။ သို့သော်လည်းပြန်လည်ပြုပြင်ခြင်းနှင့် ပတ်သက်ပြီး အမြင်မှားမှု များကို ပြည် သူ နှင့် ယဉ်ကျေးမှုဌာ အကြား တွင်ရှိလာခဲ့ရာ ဖြေရှင်း၍ မရနိုင်သော အကြောင်းအရာတခု အဖြစ် ကြီးထွားလာခဲ့ သဖြင့် ရှေးဟောင်းဘုရားများကို ပြုပြင်လိုလျင် ယဉ်ကျေးမှု ဌာနကိုတိုက်တွန်းရန် အကြောင်း ကြား လာရ ကြောင်း သိရသည်။
မြောက်ဦးဒေသခံများကလည်း ၄င်းတို့ လိုအပ်သော ပုံစံအတိုင်း ပြုပြင်လိုသကဲ့ သို့ သက်ဆိုင်ရာဌာန ကလည်း ၄င်းတို့လိုအပ် သလို ပြုပြင်ကြ သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ၂၀၀၈ - ဇန် န၀ါရီ လ ထုတ် ၇ ရက် သတင်း ဂျာနယ် အတွဲ ၆၊ အမှတ်(၄၁)တွင် ပြည်သူများကို အပုတ်ချရေးသားထား သော
အိဖြုမွန်၏ သတင်းနှင့် ပတ်သက်၍ ကိုယ် လိုရာ ဆွဲ ပြောသည် ဟု ဒေသခံများ ရှုမြင်ခဲ့ကြသည်။ ယင်းတွင် မြောက်ဦးမြို့သို့ လာရောက်လေ့လာခဲ့သော မန္တလေးနည်းပညာတက္ကသိုလ်မှ လက်ထောက်
ကထိက ဒေါ်ယုမွန်မြင့်က ” ဒေသခံတွေ ဘုရားပျက်တွေ ရှိရင် ဒီအတိုင်းမထား ကောင်းဘူး ၊ ဆိုပြီးပြုပြင်ကြတယ်။ ရှေးဟောင်းဘုရားတွေကို ဒီအတိုင်းပြုပြင်ကြတော့ ၊ ရှေးဟောင်း ဗိသုကာ လက်ရာ ပျက်သွားနိုင်တယ်“ ဟု မြောက်ဦးမြို့ရှိ ဗိသုကာ လက်ရာများ သုတေသန စာတမ်း ဖတ်ပွဲတွင် ပြောကြားခဲ့ သည်ဟု ရေးသားထားသည်။
ထို့အပြင်ရန်ကုန်နည်းပညာတက္ကသိုလ် ဗိသုကာဌာနမှ ကထိကဦးခိုင်ဝင်းလတ်ကလည်း ” မြောက်ဦး က ရသျှစ်သောင်း က ရာသီဥတု ဒဏ်ကြောင်း ပျက်စီးတာရှိပေမယ့် ဗိသုကာ အကြောင်း ဒေသခံတွေ နားမလည် တော့ ကိုယ့်သဘောနဲ့ကို ပြုပြင်ကြတယ်။ သျှစ်သောင်းဘုရားရဲ့အောက်ခြေတွေမှာ ၀င်လာတဲ့ မိုးရေတွေကို ထွက်ဖို့ အပေါက် လုပ်ထားပေမယ့် ၊ နားမလည်တဲ့ လူတွေက အပေါက်ကို ပိတ် လိုက်တော့ ရေ ကမထွက်တော့ဘူး၊ ဒါကြောင့် တာရှည် မခံတာပါ၊ ” ဟု ရေးသားထားရာ ဒေသခံ များကို နားမလည် ဟု ရေးသားချက်ပြောဆို ချက် အပေါ် မြောက်ဦးမှ သမိုင်းသုတေသီများ ကလည်း ခံပြင်းခဲ့ ကြကြောင်းသိရ သည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး လေ့လာကြည့်ရာတွင် အချို့သောဒေသခံတို့သည် ဗိသုကာ ပညာ ကို လေ့လာလိုက်စားမှုများ ညယနေ့ ကာလအထိ ရှိနေသေးကြောင်း ၊ သို့သော်လည်းဗိသုကာ ပညာကိုည နားလည်မှု မရှိဘဲပြုပြင်ခဲ့မှုများ ရှိကောင်း ရှိခဲ့ သည့်တိုင် အစိုးရဌာနများ အနေဖြင့် လက်ရှိရနေသော အခွင့်အာဏာ ကို အသုံးပြုကာ ကိုယ်ကျိုးအတွက် လုပ်ဆောင်မှုများရှိနေကြောင်း ၊ ရှေးဟောင်းသုတေသန ဌာနများ အနေဖြင့် မလိုလားအပ်သော သတင်းထိမ်ချန်မှု များ ပြုလုပ်လျက် ရှိ နေကြောင်း လည်း သိရ သည်။
ဒေသခံများက မူ ” သူတို့လုပ်ချင်သလို့ လုပ်နေကြတဲ့အတွက် မြောက်ဦးမြို့မှာရှိတဲ့ရှေး ဟောင်း လက်ရာတွေထဲ က တစ်ချို့ဘုရားပုထိုးပျက်တွေမှာ ပြန်လည်ပြုပြင်ထားကြတာ ဟာ ရှေးမူနဲ့လုံးဝ လွဲချော်နေတာတွေ ရှိနေ ပါတယ် ၊ သျှစ်သောင်းဘုရားအထက် မုဒ်ဦးမှာလဲ ရှေးလက်ရာ မဟုတ်ဘဲ သူတို့ လုပ်ချင်သလိုပြုပြင် လိုက်တဲ့ အတွက် ဘုရားပွဲတော်ချတိုင်း အရင်က လုံးဝမကြုံဖူးတဲ့ အဖြစ် အပျက် တွေ နဲ့ကြုံနေရပါပြီ၊ ဒါ ဟာသက်သက်ရှေးဟောင်း ယဉ်ကျေးမှုတွေကို ဖျက်စီးနေတာ ပါ၊ ”ဟု ပြော ဆိုနေကြ သည်။
မြောက်ဦးဒေသ သည် ကမ္ဘာယဉ်ကျေးမှု အမွေ အနှစ်စာရင်းတွင် ထည့်သွင်းထားသောဒေသဖြစ်ရုံမက ရှေးဟောင် ယဉ်ကျေးမှုအမွေ အနှစ် ဒေသတစ်ခုအဖြစ်လည်း ကမ္ဘာ ကအသိအမှတ်ပြုလိုက်သည့် အတွက် ရှေးခေတ်လက်ရာ များ မပျောက်ပျက်အောင် ထိန်ူသိမ်းရေးအတွက် လည်း များစွာ လို အပ်လျက် ရှိကြောင်း အငြင်းပွားမှုများကို ပယ်ပျက်ကာ စစ်မှန်သော ရှေးခေတ် လက်ရာများ ပေါ်ထွက်လာရေး မှာ မြောက်ဦး သမိုင်းဝင်ဒေသ၏ အဓိကစိန်ခေါ်မှု ကြီးတစ်ရပ် ဖြစ်ကြောင်း တင်ပြလိုက် ပါ သည်။
(လင်းလင်း- ခိုင်ရိုးမ)
အဆိုပါစီမံ ကိန်းသည် စီးပွားရေးလုပ်ငန်း ရှင် များအတွက် တစုံတရာ အကျိုးဖြစ်ထွန်းလာနိုင်ဖွယ် ရှိသော်လည်း အခြေခံ လူ တန်းစား အတွက် မူ စိုးရိမ်ရ သည့် အနေအထားတွင် ရှိနေကြောင်း ကျောက်ဖြုမြို့ခံ တစ်ဦးကထောက်ပြ သည်။
ကျောက်ဖြုတွင် စက်မှုဇုန်တည်ဆောက်မည့်အပေါ် လူထုစိုးရိမ်
(ခိုင်ရိုးမ)
တရုတ်နိုင်ငံ၏ ကြောထောက်နောက်ခံဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့တွင် တည်ဆောက်မည့် အထူး စီးပွားရေးစက်မှု
ဇုန် စီမံကိန်းအပေါ် ဒေသခံများစိုးရမ်နေကြကြောင်းသိရ သည်။
”တကယ်တော့ မြန်မာအစိုးရဟာ ရခိုင်ကမ်းလွန်က ရေနံနဲ့သဘာဝဓာတ်ငွေ့တွေကို တရုတ်ကို ရောင်းဖို့င်္စီစဉ်နေတာပါ၊ ဒီလိုရောင်းချတဲ့ အခါ ၊ ဖြစ်လာနိုင်တဲ့ အခက်အခဲတွေကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ စီးပွားရေးဇုန်တည်ထောင်ဖို့ ပြင်ဆင်တာလဲဖြစ်နိုင်တယ်၊ ကျောက်ဖြူကနေရွှေလီ အထိ အဝေးပြေး လမ်းမဖောက်လုပ်မယ်ဆိုတဲ့ အကြောင်းအရင်းက ဒါပါဘဲ၊ ရထားလမ်းဟာလဲ တရုတ် အထိ တိုက်ရိုက်ဖောက်မယ်ဆိုတာ တရုတ်က ကုန်ကြမ်းတွေ သယ်ယူဖို့နဲ့ ကုန်ချောတွေကို တင်ပို့ဖို့ပါဘဲ” အခြေ အနေအရ အသုံးပြုသွားနိုင်တဲ့ လမ်းတွေ ဖြစ်ပါတယ်” ဟု ကျောက်ဖြူ ဒေသခံတစ်ဦးကခိုင်ရိုးမကို ပြော သည်။
ကျောက်ဖြူစီမံကိန်း ကိုယခုနှစ် စက်တင်ဘာလ အတွင်းက ဗိုလ်ချုပ်မှုးကြီး သန်းရွှေ တရုတ်ပြည်ကို သွားရောက်ခဲ့ သည့်နောက် ပိုင်း ကျောက်ဖြူ မှ တရုတ်ပြည်ရွှေ လီအထိ ရထားလမ်းဖောက်လုပ်မည့်ကိစ္စများအပါ အ၀င် တခြားတရုတ်နှင့် ဆက်စပ် သည့် လုပ်ငန်းများကို လုပ်ကိုင်ဖို့သဘောတူညီမှု ရရှိခဲ့ သည်။
” အဓိကတော့ဗျာ ရခိုင်ကမ်းလွန်းကထွက်တဲ့ သဘာဝဓာတ်ငွေ့တွေကို သယ်ဖို့ရနိုင်အောင်လို့ ဒီ ကျောက်ဖြူ လမ်းမကြီး ကိုဖောက်လုပ်တာ ဖြစ်နိုင်တယ်။ သူကဆက်ပြောသည်။
သို့သော် ကျောက်ဖြု ခရိုင်ဆောက်လုပ်ရေးအရာရှိတစ်ဦးက မူ လမ်းဖောက်မည့်ကို အတိ အကျ မသိကြောင်းပြောသည်။
”ကျမတို့ အဲဒီ ကိစ္စ ကို တကယ်မသိဘူး အထက်ကလူကြီးတွေ ကိုမေးကြည့်ပါ ဒီ ကိစ္စကို ကျမ တို့မပြောနိုင်ဘူး”ဟု ဆိုသည်။
ထို့သို့ကျောက်ဖြူ ရွှေ လီ ရထားလမ်း ကားလမ် ဖောက်လုပ်မည့်အကြောင်းကို စက်တင်ဘာ ၁၂၊ ၁၃၊၁၄၊ ရက်နေ့ ထုတ် အစိုးရသတင်းစာများတွင်လည်း ဖော်ပြထား သည်။
အဆိုပါစီမံ ကိန်းသည် စီးပွားရေးလုပ်ငန်း ရှင် များအတွက် တစုံတရာ အကျိုးဖြစ်ထွန်းလာနိုင်ဖွယ် ရှိသော်လည်း အခြေခံ လူ တန်းစား အတွက် မူ စိုးရိမ်ရ သည့် အနေအထားတွင် ရှိနေကြောင်း ကျောက်ဖြုမြို့ခံ တစ်ဦးကထောက်ပြ သည်။
”စီးပွားရေး လုပ်ငန်းရှင်တွေအတွက် ကောင်းချင်ကောင်းလာနိုင်ပေမယ့် အခြေခံလူတန်းစား တွေအတွက်တော့ ဘယ်ကိုပြောင်းရမလဲ ရွှေ့ပေးရမလဲ၊ ဆိုတာကို ထိတ်လန့်နေကြတယ်၊ အခုတော့မြစ်နဲ့နီးတဲ့ မြေကွက်တွေဟာ ဈေး တက်နေ ပါတယ်၊ ဒီ အတိုင်းဆိုရင်သတင်း တွေထဲမှာ ပါနေတဲ့အတိုင်းဖြစ်လာမှာတော့ ၅၀ ရာခိုင်နှုန်းရှိနေပြီ ၊ ဒါကြောင်းလဲ ကျောက်ဖြူ မြို့ ရဲ့ အခြေအနေဟာ ဆိုးရိမ်စရာ ပါ၊ ” ဟုပြော သည်။
ကျောက်ဖြူမြို့ကို အမှန်တကယ် နိုင်ငံတကာ နှင့်ဆက်စပ်သော စီးပွားရေးဒေသတစ်ခု အဖြစ်ပြုလုပ်
လာမည်ကို ပြည်သူတွေစိုးရမနေကြ သလို ကျောက်ဖြူ တွင် အထူးစီးပွားရေးစက်မှုဇုန်အပါ အ၀င် ရေနံတင် ဆိပ်ကမ်း နှင့်ကျောက်ဖြူမှ ရွှေလီသို့ ရထားလမ်း ကားလမ်း များ ဖောက်လုပ်လာလျင် ဒေသခံ အများ အတွက် ကောင်းကျိုးထက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေရှိကြောင်း သုံးသပ်ကြ သည်။
ဝင်ငွေပြတ်သည့်လမ်းပြရဲ ဓါးမြတိုက်နေ
(ခိုင်ရိုးမ)
ယခုရက်ပိုင်းအတွင်း စစ်တွေ မြို့တွင် မော်တော်ပီကေ(လမ်းပြရဲ)များသည် ဆိုင်ကယ်စီးနင်းသူ
များထံမှ နည်းမျိုးစုံဖြင့် ငွေတောင်းယူနေကြောင်းသိရ သည်.
” အကြောင်းကတော့မျိုးစုံရှာပြီးဖမ်းတာဘဲ ၊ မောင်းလိုင်စင်၊ဦးထုတ် ၊ဘက်မှန် မီးစုံ မစုံ စသဖြင့် ပေါ့ဗျာ၊ ဒါပေမယ့် ငွေနည်းရင် အဲဒီ တစ်နေ့ လုံးသူတို့ဘဲစီးတယ်၊ မဖမ်းတော့ဘူုးပေါ့၊ ငွေ မပေး နိုင်ရင် ရုံးတင်မယ် ၊ အမှုဖွင့်မယ်ဆိုပြီး ခြိမ်းခြောက်တော့တာပါဘဲ၊ ဒါတွေ မကသေးဘူး၊ အပြစ်တွေ တပုံကြီးထောက်ပြသေးတယ်၊ရုံးတင်ရင်ခင်ဗျား ဘယ်လောက်ကုန်မယ် ၊ ဆိုပြီးခြိမ်းခြောက် ငွေညှစ်တယ်” ကိုယ်တိုင်ကြုံခဲ့သူ တစ်ဦး က ခိုင်ရိုးမကို ပြော သည်။
စစ်တွေမြို့တွင် ဆိုင်ကယ် သောင်းနှင့်ချီ ၍ရှိပြီး ၊ လိုင်ဆင်မဲ့ ဆိုင်ကယ်များကို ထုတ်ပေးသော်လည်း လိုင်စင်ခမူ ဆိုင်ကယ်ဝယ်သည့်ဈေးနီးပါး ပေးရကြောင်းသိရ သည်။
စစ်တွေ မြို့တွင် ဈေးနှူန်းသက်သာသည့်တရုတ်ပြည်မှ ဆိုင်ကယ် အများအပြားဝင်ရောက်လာပြီးဆိုင်
ကယ်စီးနင်းသူပို များလာသလို လမ်းပြ ရဲများအတွက် ၀င်ငွေတိုးလာကြောင်း မြို့ခံတစ်ဦးက ပြော သည်။
“စစ်တွေမှက တရုတ်က၀င်တဲ့ဆိုင်ကယ်တွေများလာတော့ သူတို့ဝင်ငွေ ကိုက်တယ်ဗျ၊ သူတို့ဆိုးတာကမြို့တွင်းမှာဘဲပိုက်ဆံတောင်းတာမဟုတ်ဘူး၊မြို့ပြင်ကျောက်တန်းကြိုးတန်းတား အထိ သွားဖမ်းတယ် ၊ ဒါပေမယ့် လိုင်စင်မဲ့စီးနေတဲ့ စစ်သားတွေ ကျတော့မဖမ်းဘူး၊ ကျနော်တို့ကို ဖမ်းရင်တော့ ကျပ်ငွေ တစ်သောင်းကနေ သုံးသောင်းအထိ ပေးရတယ်”ဟု ပြော သည်။
စစ်တွေ ရှိ လမ်းပြ ရဲများသည်၊ ယာဉ်မောင်းများအား လမ်းညွန် ပြ သ ရန် နှင့် နားလည် သဘောပေါက် လာအောင် ရှင်းပြရမည်ဖြစ်သော်လည်း မတရားခြိမ်ခြောက်ငွေတောင်းခံမှု သည် ။ မှန် ကန် သည့်လုပ်ရပ် မဟုတ်ကြောင်းဒေသခံတစ်ဦးက ခိုင်ရိုးမကိုပြော သည်။
သူတို့ ယာဉ်မောင်းစည်းကမ်းတွေ ပြောဖို့ နေနေသာသာ ပိုက်ဆံဘဲတောင်းနေတယ် ဒါဟာ မှန်ကန်တဲ့ လုပ်နည်းမဟုတ်ဘူး၊ပြီးတော့ ရဲအုပ် ဝေလင်းအောင် အဖွဲ့ နဲ့ ဒုရဲအုပ် ကျော်ဆန်း ဦးဆောင်တဲ့ အဖွဲ့တွေ ဆိုရင် တော်တော်ကိုဆိုးတယ်၊ အဲ လို မျိုးဆိုင်ကယ် စီးနင်းသူတွေဆီက ငွေ ညှစ်နေတာ” ဟု ပြော သည်။
အလားတူ စစ်တွေ မြို့အပြင်တခြားမြို့နယ်များတွင်လည်း ငွေညှစ်တောင်းခံမှုများရှိကြောင်းသိရ သည်။
လမ်းပြရဲ တစ်ယောက်ဖြစ်လာရန် သက်ဆိုင်ရာ ဌာနကို ငွေ အမြောက် အများပေးသွင်းရကြောင်း မပေးနိုင်လျင် အလုပ်မခန့်ကြောင်း လမ်းပြရဲ ၏ ဇနီးသည်တစ်ဦးက ခိုင်ရိုးမကိုပြော သည်။
အဝေးသင် တက္ကသိုလ်တွင် စာရေးမများ ငွေညှစ်(မိုးဝေ)
စစ်တွေ အဝေးသင်တက္ကသိုလ်တွင် ရုံးဝန်ထမ်းများပူးပေါင်းကာ အဝေးသင်တက္ကသိုလ်ကျောင်သား ကျောင်းသူ များထံမှ နည်းလမ်း ပေါင်းစုံ ဖြင့် ငွေ ညှစ်လျက်ရှိကြောင်း ကျောင်းသားအသိုင်းအ၀ိုင်း ထံမှ သိရ သည်။
”ဝေးသင်တက္ကသိုလ်မှာရှိတဲ့ စာရေးမတွေ ကို ဆရာမလို့ခေါ်နေရတယ်။ စာမေးပွဲ ဖြေဆိုဖို့အတွက် စာရွက်စာတမ်းတွေ ၀ယ်ရတယ် ၊လျှောက်လွှာတင်ရတာလဲ ဟိုသွားလိုက်ဒီသွားလိုက်နဲ့ အဲဒီနေရာတွေမှာ ငွေ ပေးနိုင်သူအားလုံးကို ဦးစားပေး တယ် ၊ပိုက်ဆံ နည်းနည်းရှိတဲ့နယ် ကကျောင်းသား ကျောင်းသူတစ်ချို့ အဆင်မပြေဘူး၊စာရေမနဲ့ စားများလိုက် ရန်ဖြစ်လိုက် အဲ လိုမျိုးတွေ ရှိတယ်၊ ပြီးတော့ ဘာကြေးတွေလည်း မသိပါဘူး စာရေးမတွေကို ပိုက်ဆံ ခဏခဏပေးနေရတယ်” ဟု
အဝေးသင်ကျောင်းသားတစ်ဦးက ပြော သည်။
အဝေးသင် တက္ကသိုလ် သည် နေ့ကျောင်းမတတ်နိုင်သည့် စစ်တွေ ကျောင်းသားကျောင်းသူများ အတွက် သီးခြားရပ်တည်ဖွင့်လှစ်ပေး သော ကျောင်း ဖြစ်သဖြင့် ၊ ၀န်ထမ်းများနှင့် ဆင်းရဲနွမ်း ပါး သူ ၊ နေ့ကျောင်းတက်ရန်အချိန် မပေးသူ ချင်သူ ၊ စီးပွားရေး လုပ်ငန်းလုပ်ကိုင်နေသောလူငယ်များ တက်ရောက်သင်ကြားလေ့ရှိသော တလတာ သင်တန်းဖြစ်သည်၊
အဆိုပါ အဝေးသင် တက္ကသိုလ် ကျောင်းတွင် စစ်တွေမြို့ပေါ်ထက် နယ်မှ ပို များ ကြောင်းသိရသည်။
ယခုကာလ သည် အဝေးသင် တက္ကသိုလ် ကျောင်းသားကျောင်းသူ များ စာမေးပွဲ ဖြေဆိုရ သည့်ကာ လ ဖြစ်ရာ ဒုအသုတ်အတွက် သည်လ(၁ရ)နေ့တွင် အနီးကပ် တက်ရောက်ကြရမည်ဟုသိရ သည်။
သို့သော် ကျောင်းသားကျောင်းသူများအနေဖြင့် ၀ိုင်းကျုရှင် မတတ်လျှင် မအောင်ဟု ဆရာများဖိအားပေးမှု များလည်းရှိကြောင်း ကျောင်းသူတစ်ဦးက ပြော သည်။
ဝိုင်းတက်တယ်ဆိုတာ က စာမေးပွဲမှာ ပါလာနိုင်တဲ့ စာတွေ ကိုဘဲ သင်ပေးတယ် ၊ တစ်ဘာသာမှာ ငါးပုဒ်လောက် ပေါ့၊ ပြီးတော့ ကိုယ့်ဝိုင်းမှာ သင်တဲ့ ကျောင်းသားတွေ ဆိုရင် စာမေးပွဲမှာ မဖမ်းဘူးဗျ၊ “ပြော သည်။
ထို အပြင် ကျောင်းသုံးစာအုပ်ဈေးနုန်းယမန်နှစ်ထက်ဈေးတက်နေကြောင်း အိမ် လခ စားစရိုက်လည်းအစစအရာ ဈေးတက်
လာနေ ကြောင်း သူကဆက်ပြော သည်။
ဘာသာစုံအတွက် ငွေသုံးသောင်းရယ်၊စာသင်ကျောင်းခနှစိထောင်း စာမေးပွဲမှာလိုအပ်တဲ့စာရွက်စာတမ်းတွေ အတွက် အစုံ သုံးထောင် ကျပ်စီပေးသွင်းရတယ်။ တခြားပေးရတာလဲအများကြီးဘဲ ”ဟုခိုင်ရိုးမကို ပြော သည်။
အဝေးသင်တက္ကသိုလ် ကျောင်းသားကျောင်းသူများမှာမူ တလတာ ဖြတ်သမ်းမှု ကာ လတွင် အောင်မြင်မှု ရရှိရေးအတွက်
အောင်အတွက် ငွေကြေးကုန်ကျမှု ကို အဓိကမထားဘဲ စာရေးမများတောင်းသလို ငွေပေးသွင်းနေရသလို စာရေးမ များ၏
မောက်မာစွာ ဆက်ဆံ မှုများကိုလည်း ကြုံတွေ့နေ ရကြောင်းသိရသည်။



