Download

ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်--ပြည်ပ-မလေးသျှားဌာနခွဲ (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ထုတ်ပြန်ချက် Union Day Sta

September 6, 2011

ARAKAN နာမေကို တရားမ၀င်လွဲမှားစွာ သုံးစွဲနီခြင်းနန့်  ပတ်သတ်ပြီး ရခိုင်တမျိုးသားလုံး အားအရေးပေါ် အသိပီးတင်ပြခြင်း အခမ်းအနား


ARAKAN ဟူသောဝေါဟာရကို လူမျိုးဘာသာခြားတစုက တရားမ၀င် လွဲမှားစွာ သုံးစွဲနိန်ခြင်းနန့် ပတ်သတ်ပြီး ရခိုင်တမျိုးသားလုံးအား အရေးပေါ် အသိပေးတင်ပြခြင်း အခမ်းအနားကို အာဇာနည်ဗိမာန်လမ်း ရန်ကုန်မြို့ ရခိုင်ပြည်နယ်ဓမ္မာရုံမှာ ၂၀၁၁ခုနှစ်၊ စက်တင်ဘာ(၂)ရက်၊ နခင်ဖက်(၂)ချက်တီးမှ ညစာဖကင်(၅)ချက်တီအထိ ပြုလုပ်ခကတ်ကြောင်း သိရသည်။


ယင်းအခမ်းအနားကို ရခိုင်သဟာယအသင်းမှ တာဝန်ရှိသူတိ၊ နောက် ရန်ကုန်မြို့ရှိ ရခိုင်မြို့နယ်ပေါင်းစုံအသင်းအဖွဲ့တိက တာဝန်ရှိ ပုဂ္ဂိုလ်တိ၊ ၀င်းကိုခိုင်၊ ညီမင်းခိုင်၊ L ကိုလင်းစရေ နာမည်ကြီး လူငယ် အဆိုတော်တိအပြင် ရတပ ပါတီက အတွင်းရီးမှူးဦးသာထွန်းလှနန့် ဦးမြင့်နိုင်ရို့ကလဲ ပါတီကိုယ်စား  ပါဝင်တက်ရောက်ခကတ်ပြီးကေ အစည်းဝေးတက်ရောက်ခသူ ပရိသတ် ၁၀၀ ကျော်လောက်ရှိကြောင်း သိရသည်။

အခန်းနားမှာ ဆရာကြီးဦးထွန်းေ၇ွှခိုင်က အဖွင့်အမှာစကား ပြောကြာခပြီးကေ အစီစိုင်အရ ရခိုင်စာပီနန့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဌ ဆရာမကြီးဒေါ်စောခင်တင့်နှင့် စာပီနှင့်ယဉ်ကျေးမှုအတွင်းရေးမှုး ဦဦးလှမြင့် ရို့က ARAKAN  ဟူသောဝေါဟာရကို လူမျိုးဘာသာခြား တစုက တရားမ၀င် ခိုးပနား သုံးစွဲနေခြင်းနန့် ပတ်သတ်ပြီး ပြောကြားခကြောင်း သိရသည်။

ယင်းအပြင် အစည်းဝေး တက်ရောက်လာရေလူတိကလေ့ အပြန်အလှန် ဆွေးနွေးအကြံပြု တင်ပြခကတ်ကြောင်း သိရသည်။

စစ်တွေက ဦးသိန်းရွှေက ဒေပိုင် ရခိုင်ပြည် နာမည်ကို ယူသုံးစွာက စကားလုံးကို ယူစွာ မဟုတ်၊ ရခိုင်ပြည်နင့် ရခိုင်သမိုင်းကို သိမ်းပိုက်လားပနာ ယူလားနီစွာဖြစ်တေလို့  ပြောခရေပိုင် ဆရာကြီး ဒေါက်တာ ကျော်သိန်းက Rohingya is not ARAKAN. Rohingya is not RAKHINE. လို့ အခိုင်အမာ ပြောဆိုခကြောင်း သိရသည်။
အစည်းဝေးမှာ
(၁)ဗုဒ္ဓဘာသာ ရခိုင်လူမျိုးရို့၏  တိုင်ပြည်နန့် လူမျိုးကို ခေါ်ဆိုရေ ARAKAN ဟူသောဝေါဟာရကို ဘင်္ဂါလီမူဆင်လင်အချို့က တရားမ၀င် လုယူသုံးစွဲနိန်ခြင်းကို ရခိုင်တမျိုးသားလုံးက တခဲနက် ရှုတ်ချ ကန့်ကွက်ကြောင့်ဆုံးဖြတ်ချက်။
(၂)ယင်းသို့ တရားမ၀င်သုံးစွဲနိန်စွာကို ဖြစ်နိုင်သမျှ နည်းလမ်း ပေါင်းစုံနန့် ပြည်လည်တုန့်ပြန်လားဖို့ ဖြစ်ကြောင်း ဆုံးဖြတ်ချက်တိချခရေလို့ သိရသည်။
နာယကကြီး ဦးကျော်မင်းက နိဂုံးချုပ်အမှာစကားပြောကြားဗျာလ် ဗုဒ္ဓသာ သနံစီရံတိဌတု သုံးကြိမ်ရွတ်ဆိုဗျာလ် အခမ်းအနားကိုရုတ်သိမ်းလိုက်ခကြသည်။
နောက်ထပ်အစည်းကို ၁၈.၉.၂၀၁၁ နိန့် နခင်းဖက်(၁)ချက်တီတွင်ရန်ကုန်မြို့ ရခိုင်ပြည်နယ်ဓမ္မရုံတွင် ပြုလုပ် မည်ဖြစ် ကြောင့် သိရှိရသည်။

No comments:

Post a Comment

Popular Posts

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More