စစ်တွေ တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဆက်လက်ရပ်တည်သွားမည်။လင်းလင်း-ခိုင်ရိုးစစ်တွေမြို့တွင်သဘာဝပတ်ကျင်များကိုကာကွယ်ထိန်းသိမ်းနေသည့်အဖွဲ့ကိုယခုနှစ်တွင်ပြန်လည်အသက်သွင်းတော့မည်ဖြစ်ကြောင်းသိရသည်။
ကျနော်တို့ ၂၀၀ရ ခုနှစ်ကတည်းက စလုပ်လာတာပါ ၊ဒီနှစ်လည်း ဖြစ်အောင်လုပ်ဖြစ်မှာ ပါ။ဘာ ဖြစ်လို့လဲဆိုတော့ အခုကမ်းနားလမ်းတွေ ပင်လမ်ကမ်းစပ်တွေ မှာ ပလစတိတ်တွေ ကပိုများလာတယ် ။ဒါကို ကျနော်တို့အဖွဲ့ ကကောက်ပြီး အမှိုက် ပုံးရှိတဲ့နေရာတွေ မှာ သွားပုံပါတယ်” ဟု အဖွဲ့ ၀င်တစ်ဦးကပြော သည်။
ယခုနှစ်တွင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန်အတွက် မြို့နယ်ဥက္ကဌ ဆီကို စာတင်ခဲ့ကြောင်း သို့သော်လည်း အကြောင်းမပြန်သေးကြောင်းသူက ဆက်ပြော သည်။
ဒါနော်တို့က ဒီအဖွဲ့ကိုတရားဝင်ဖြစ်ဖို့ ပြီးတော့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးစာစောင်တွေ ဖြန့်ဝေ
ဖို့ အတွက် ပါ။ ဘာဖြစ်လို့လည်းဆိုတော့ ပင်လယ်ကမ်းစမ်းတွေ မြစ်နားတွေမှာ သဘာဝ အလှတွေ ပျက်စီးကုန်ပြီး။ အဲ ဒီဆိုးကျိုး ဆိုးတွေကို ထိန်းသိမ်းဖို့ အတွက်လည်း ဒီအဖွဲ့ကို ဖွဲ့ရတာဖြစ်ပါတယ်” ဟုပြောသည်။
အဆိုပါ ပလစတိတ်ကောက်အဖွဲ့ကို ၂၀၀ရခုနှစ်က သဘာဝကို ချစ်မြတ်နိုးသည့်လူငယ်များနှင့်ပူးပေါင်းကာ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တနင်္ဂနွေ တိုင်း ကမ်းနားလမ်း မြစ်ကမ်းနားတစ် လျှောက်ရှိ ပလစတိတ်များကို ကောက်ယူကာ အမှိုက်ပုံးရှိသည့်နေရာတွင် သွားပစ်လေ့ရှိသည်။
ယင်းသို့ သဘာဝ ပတ်ဝန်း ကျင်များကို ထိန်းသိမ်းနေမှု အပေါ် ဒေသကွက်ကဲ့စစ်ဆေးရေးမှုးကလည်း အာပေးစကား ပြောကြားခဲ့ကြောင်းလည်း သိရသည်။
အလားတူ ဘော်ဒါဆောင်နေကျောင်းသားကျောင်းသူများအပါ အ၀င် ရပ်မိရပ်ဖများလည်း လာရောက် ပူးပေါင်း
ဆောင်ရွက်မှုများရှိလာကြောင်း လည်းသိရသည်။
အဆိုပါ အဖွဲ့သည် အဖြူရောင် သပ်သပ် နှင့်လုပ်ကိုင်နေကြ သည့် အဖွဲ့ဖြစ်ရာ မိမိတို့ဒေသ ပတ်ဝန်းကျင် လှပရေးနဲ့ သဘာဝ အန္တရာယ်ကျရောက်မှု ကို ကြိုတင်ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရ သည်။
အလားတူ ယခုနှစ်တွင်လည်း စစ်တွေ အခြေစိုက် သဘာဝ ငှက်ချစ်သူများ အဖွဲ့ကလည်းစစ်တွေ နယ်အပိုင် နံ့သာ ကျွန်းတွင် ရှားပါးသည်းငှက်များကို ထိန်းသိမ်းသွားမည်ဟု သိရည်။


