Download

ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်--ပြည်ပ-မလေးသျှားဌာနခွဲ (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ထုတ်ပြန်ချက် Union Day Sta

September 2, 2011

သဲချောင်းမှာ ဗုံးပေါက်ကွဲ လူ ၇ ယောက်သီ


ရခိုင်ရိုးမ။
စစ်တွေ မြို့ နန့် ၇မိုင်အကွာရှိသဲချောင်း မှာညက ဗုံးတလုံးပေါက်ကွဲခရေအတွက် လူ၇ဦးသီဆုံးလားကြောင်း သတင်းရရှိပါရေ။
ဗုံးပေါက်ကွဲသည့် အချိန်မှာလူကြီး ၅ ဦးပွဲချင်း သီဆုံးပြီး ကလေးနှစ်ဦးရေ ဆီးရုံမှာသီဆုံးလားကြောင်း သိရသည်။

ပင်လယ်ကမ်းခြီအနီးမာ  ခဲတူးရင်း ဗုံးနန့်ထိမိကာ ပေါက်ကွဲလားစွာဖြိုက်တေလို့ သဲချောင်းရွာသားတစ်ဦးက ရခိုင်ရိုးမကို အခုပိုင်ပြောပါရေ။

“ ပင်လယ်ကမ်းနားမှာ ခဲတိ တူးကတ်တေ မနား  ယင်းခါ မြီထဲက ဗုံးတလုံးပေါက်ကွဲလားစွာ  လူငါးယောက်ပွဲချင်းသီလားပါရေ၊ အချေ နှစ်ယောက်တော့ ဆီးရုံမှာသီပါရေ  “လို့ စစ်တွေဆီးရုံကို ရောက်လာရေမူဆလင် အမျိုးသားတဦးက ဆိုသည်။
 

ရဲဝန်ထမ်းတစ်ဦးက“ ကမ်းခြီမှာ ခဲတိထွက်တေလေ ယင်းတွက်နန့်ခဲတူးကတ်ယင့် ဗုံးနန့်တွိရေခါ ပေါက်ကွဲလားစွာ ” လို့မှတ်ချက်ပီးသည်။

သို့သော် လည်း အဆိုပါ ပေါက်ကွဲမှုကြောင်း  လူ နှစ်ဆယ် ကျော်သီဆုံးကြောင်းလည်း သတင်းတိ ထွက်ပေါ်လာသည် ။
စစ်တွေ ဈီးကိုရောက်လာရေ သဲချောင်း ရွာက အမျိုးသမီး တစ်ဦးက “  သီစွာက နှစ်ဆယ် လောက်ရှိရေ။အမှုဖြိုက်လတ်မယ်လို့ အလောင်းကိုဖျောက်ပလိုက်ကတ်တေ၊ လူငါးယောက် သီစွာကိုရာ ပြရေ ယင်းကမ်းခြီမာ ကအလုပ်သမားတိမကန်ရှိရေ“ လို့  အဆိုပါ အမျိုးသမီး ကပြောသည်။
ကနဦးက သတင်းအမျိုးမျိုးထွက်ကေလဲ နောက်ဆုံး စုံစမ်းထားရသောက် ရေ အဆိုပါဗုံးရေ ဂျပန်ခေတ်က လက်ကျန်ဗုံးဖြိုက်ပြီးကေ မြီထဲမှာ နှစ်ပေါင်ကြာမြင့်စွာ ရှိရေ ခါ အဂုပိုင်ခဲတူးဖော်ကာ ပေါ်ထွက်လာခြင်းဖြိုက်တေလို့သိရပါရေ။

ရခိုင်ရိုးမ အနိန်နန့် အခင်းဖြစ်ပွားခရေ နိန်ရာသို့ လားရောက်ခရာ ရွာသားအချို့ သတင်းကို ထိန်ချန်ထားကြပြီး အသေးစိပ်ကို ပြောရန် ငြင်းဆန်ကြသည်။

 ဗုံးပေါက်ကွဲမှု ကြောင်းဆီးရုံကိုရောက်လာရေ အချေနှစ်ယောက်သီဆုံးမှုကိုအတည်ပြုနိုင်ခကေလဲ ကျန်ရေ အလောင်းတစ်ချို့်ကို အတည်ပြု မရနိုင်သိမ့်ပါ။

ဗုံးကြောင့် သီဆုံးလားသူတိမှာမူဆလင် ဘာသာဝင်တိဖြိုက်ကြောင်း လည်းသိရသည်။ ဒေဂုပိုင် ကုလားရွာ  အတွင်းဗုံးပေါက်ကွဲမှု ရေ အထူးအဆန်းဖြိုက်နိန်ကြောင်းပြည်သူတိကိုဆိုသည်။

ယင်းသို့ကုလားရွာ အတွင်းဗုံးပေါက်ကွဲမှုကို ပြည်သူတိ သံသယ အမျိုးမျိုးထင်းကြေးပီးနိန်ကတ်တေ။
ဒေနှစ်သင်္ကြန် ကာလ အတွင်းကလည်း  မောင်တောမြို့နယ် မှာ မူဆလင် ၁၉ ဦးကို ဖောက်ခွဲရေး ဗုံးတိနန့် အတူဖမ်းဆီးမှုတိရှိခရေ အတွက်ယင်းသို့ သံသယ ရှိနိန်ကြခြင်းဖြိုက်ကြောင်းသိရသည်။

ဂျပန်ခေတ် လက်ကျန်ဗုံးတိကြောင်း လွန်ခရေ နှစ် အနည်းငယ်တိကလည်း မင်းပြားမြို့နယ် ဆင်ကြီးပြင်ကျေးရွာက လူငယ်တဦးနန့် ပန်ဇင်းမော်ကျေးရွာကလူကြီးတဦးပွဲချင်းပြီးသီဆုံးမှုတိလည်း ရှိခသည်။

No comments:

Post a Comment

Popular Posts

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More