(RNDP calls for international humanitarian aids into Giri-affected areas)
နေ့စွဲ ၂၅/၁၀/၂၀၁၀
၁။ ဂီရိဆိုင်လုန်း မုန်တိုင်းကြီးသည် တစ်နာရီလျှင် မိုင်ပေါင်း ၁၂၀ ကျော်နှုန်းဖြင့် ၂၂-၁၁-၂၀၁၀ သောကြာနေ့တွင် ရခိုင် ကမ်းရိုးတန်း (စစ်တွေခရိုင်နှင့် ကျောက်ဖြူခရိုင် အကြား) သို့ ၀င်ရောက်တိုက်ခတ်သွားခဲ့ပါသည်။
၂။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဒီရေ (၁၂)ပေ အထက်မြင့်တက်ခဲ့ရာ ပြည်သူများစွာ အသက်ဆုံရှုံးခဲ့ရခြင်း၊ လူနေအိမ်များစွာ ပျက်စီးခဲ့ရခြင်း၊ ရိတ်သိမ်းပြီးစပါးနှင့် စပါးခင်းများ ပျက်စီးဆုံးရှုံးရခြင်း၊ ငါးပုဇွန်တာများ ကျိုးပေါက်ခြင်း စသည်တို့ကြုံရသည့်အပြင် ထောင်ပေါင်းများစွာသော ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ကာ အတိဒုက္ခများစွာ ခံစားနေကြရပါသည်။
၃။ အထူးသဖြင့် မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ၊ မာန်အောင်နှင့် မင်းပြားမြို့နယ်များသည် မုန်တိုင်းဒဏ်ကို အဆိုးဝါးဆုံးခံစားခဲ့ရပြီး မြေပုံမြို့နယ် တစ်ခုတည်း တွင် ယနေ့အထိ လူပေါင်း(၇၄)ဦး သေဆုံးကြောင်း သိရှိရပါသဖြင့် နိုင်ငံတကာမိသားစုများ၏ လူသားချင်းစာနာထောက်ထားသော အကူအညီများ အထူး အရေးပေါ် လိုအပ်လျက်ရှိပါသည်။
၎။ ဂီရိမုန်တိုင်းဒဏ်ခံရခြင်းသည် ရခိုင်ပြည်သူများတွင် ၂၀၁၀ ခုနှစ် စိုက်ပျိုးရာသီကာလအတွင်း ဒုတိယအကြိမ်မြောက် သဘာဝကံဆိုးမိုးမှောင် ကျရောက် ခြင်း ဖြစ်ပြီး၊ ထောင်ပေါင်းများစွာသော ပြည်သူတို့၏ ဘေးဒုက္ခမျိုးစုံကြုံတွေ့နေကြရခြင်းအပေါ် ကျွန်ုပ်တို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အနေဖြင့် ရခိုင်ပြည်သူတစ်ရပ်လုံးနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်း ကြေငြာအပ်ပါသည်။
ပြန်ကြားရေးကော်မတီ
ဗဟိုဌာနချုပ်
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ
စစ်တွေမြို့
မူးရင်း - ရခိုင်သား



